အားလုံးပဲမင်္ဂလာပါ
IT နဲ့ ပတ်သက်သောစာအုပ်များအား တစ်နေရာထဲတွင်ရနိုင်ပါသည်။ ဒီဆိုဒ်ဒီဇိုင်းကူညီရေးဆွပေးသော ကိုဘလော့ခရီးသည်အား ကျေးဇူးတင်ပါသည်။
မိုး(နည်းပညာများ)

Monday, March 17, 2014

Window 7 အမျိုးအစားများနှင့်အသုံးဝင်မှုများ

Window XP မှာ home နဲ့ business အတွက်ဆိုပြီး (၂)မျိုးရှိပါတယ်။

Window Vista မှာတော့ (၅)မျိုးရှိပါတယ်။ ခုမမိုးပြောမှာက window 7 အမျိုးအစားတွေနဲ့ ဘယ်စက်တွေမှာ ဘယ်အမျိုးအစားသုံးသင့်တယ်ဆိုတာကို အတိုဆုံးနဲ့ အရှင်းဆုံး ဘာသာပြန်ပြီး ပြန်တင်ပေးလိုက်ပါတယ်။

Windows 7 Starter
Notebook တွေအတွက် အဓိကထုတ်ထားပြီး တကြိမ်လျှင် Program (၃)သာ run နိုင်ပါသည်။


Windows 7 Home Basic
ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိက ထုတ်လုပ်ထားပြီး Starter Version ထက်သာတာကတော့ Graphic ပိုင်းနဲ့ Internet Connection Sharing အတွက် ပိုကောင်းလာတာပါ။

Windows 7 Home Premium
ဒီ Version ရဲ့ အဓိက၀န်ဆောင်မှုကတော့ computer ကို ဖျော်ဖြေရေးအတွက်အသုံးပြုသူတွေကို ဦးစားပေးပြီး ထုတ်လုပ်ထားတာပါ။ Multimedia ပိုင်းအဓိကပေါ့။

Windows 7 Professional
စီးပွားရေး ဈေးကွက်အတွက် အဓိကထုတ်ထားပြီး Home Premium ကို Plus in Tools များဖြင့်ပြန်လည်မွမ်းမံပြင်ဆင်ထားပြီး အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အသုံးဝင်ပါတယ်။ Networking ပိုင်းမှာလဲ ပိုပြီး ပြည့်စုံလာပါတယ်။

Windows 7 Enterprise
စီးပွားရေးလုပ်ငန်းကြီးများတွင် အသုံးပြုနိုင်ရန် ထုတ်လုပ်ထားတာပါ။

Windows 7 Ultimate
ဒီ Version ကတော့ Information Technology ကို စိန်ခေါ်ထားတဲ့ version လေးပါ။ အကောင်းဆုံးထဲမှာပါပါတယ်။

အနှစ်ချုပ်ရမယ်ဆိုရင်
သာမာန်အိမ်သုံး အပျော်တမ်း coputer တွေတွက်ဆိုရင် Window 7 Home Premium ကို သုံးသင့်ပြီး၊
Netorking အတွက်ဆိုရင်တော့ Windows 7 Professional ကို သုံးသင့်ပါတယ်။ Professional သမားတွေအတွက်ကတော့ Window 7 Ultimate ကိုသုံးသင့်ပါတယ်။

တခြားနိုင်ငံတွေအတွက်ကတော့ Version တွေရဲ့ အသုံးဝင်မှုပေါ်မူတည်ပြီးဈေးနှုန်းကွာပါတယ်။ Feature အနည်းဆုံးက တန်ဖိုးအနည်းဆုံးဖြစ်ပြီး Professional သမားတွေအတွက်ကတော့ တန်ဖိုးအကြီးဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့တော့ ဘာတင်တင် ဒီဈေးပဲဆိုတော့ Window 7 Ultimate ကို သုံးဖို့ အကြံပြုပါတယ်။

လေးစားစွာဖြင့်





Newer Post Older Post Home

0 comments:

Post a Comment