အားလုံးပဲမင်္ဂလာပါ
IT နဲ့ ပတ်သက်သောစာအုပ်များအား တစ်နေရာထဲတွင်ရနိုင်ပါသည်။ ဒီဆိုဒ်ဒီဇိုင်းကူညီရေးဆွပေးသော ကိုဘလော့ခရီးသည်အား ကျေးဇူးတင်ပါသည်။
မိုး(နည်းပညာများ)

Monday, March 17, 2014

Computer မှာ Hard Disk ပျောက်နေရင် ပြန်ဖော်နည်း






Window Key + R တွဲနှိပ်ပြီး Run Box ကို ခေါ်ပါ။

gpedit.msc ရိုက်ပြီး enter နှိပ်ပါ။

ပြီးလျှင်အောက်ပါအတိုင်းအဆင့်ဆင့်သွားပါ။

User Configuration မှ Administrative Templates ကို double click နှိပ် >> Windows Components >> Windows Explorer >> Hide these specified drives in My Computer သို့ အဆင့်ဆင့် သွားပါ။

hide ဖြစ်နေသော drives ကို select လုပ်ပြီး Enabled ရွေးပါ။ 

Apply >> OK နှိပ်ပြီး Restart ချပေးပါ။


Window 7 အမျိုးအစားများနှင့်အသုံးဝင်မှုများ

Window XP မှာ home နဲ့ business အတွက်ဆိုပြီး (၂)မျိုးရှိပါတယ်။

Window Vista မှာတော့ (၅)မျိုးရှိပါတယ်။ ခုမမိုးပြောမှာက window 7 အမျိုးအစားတွေနဲ့ ဘယ်စက်တွေမှာ ဘယ်အမျိုးအစားသုံးသင့်တယ်ဆိုတာကို အတိုဆုံးနဲ့ အရှင်းဆုံး ဘာသာပြန်ပြီး ပြန်တင်ပေးလိုက်ပါတယ်။

Windows 7 Starter
Notebook တွေအတွက် အဓိကထုတ်ထားပြီး တကြိမ်လျှင် Program (၃)သာ run နိုင်ပါသည်။


Windows 7 Home Basic
ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိက ထုတ်လုပ်ထားပြီး Starter Version ထက်သာတာကတော့ Graphic ပိုင်းနဲ့ Internet Connection Sharing အတွက် ပိုကောင်းလာတာပါ။

Windows 7 Home Premium
ဒီ Version ရဲ့ အဓိက၀န်ဆောင်မှုကတော့ computer ကို ဖျော်ဖြေရေးအတွက်အသုံးပြုသူတွေကို ဦးစားပေးပြီး ထုတ်လုပ်ထားတာပါ။ Multimedia ပိုင်းအဓိကပေါ့။

Windows 7 Professional
စီးပွားရေး ဈေးကွက်အတွက် အဓိကထုတ်ထားပြီး Home Premium ကို Plus in Tools များဖြင့်ပြန်လည်မွမ်းမံပြင်ဆင်ထားပြီး အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အသုံးဝင်ပါတယ်။ Networking ပိုင်းမှာလဲ ပိုပြီး ပြည့်စုံလာပါတယ်။

Windows 7 Enterprise
စီးပွားရေးလုပ်ငန်းကြီးများတွင် အသုံးပြုနိုင်ရန် ထုတ်လုပ်ထားတာပါ။

Windows 7 Ultimate
ဒီ Version ကတော့ Information Technology ကို စိန်ခေါ်ထားတဲ့ version လေးပါ။ အကောင်းဆုံးထဲမှာပါပါတယ်။

အနှစ်ချုပ်ရမယ်ဆိုရင်
သာမာန်အိမ်သုံး အပျော်တမ်း coputer တွေတွက်ဆိုရင် Window 7 Home Premium ကို သုံးသင့်ပြီး၊
Netorking အတွက်ဆိုရင်တော့ Windows 7 Professional ကို သုံးသင့်ပါတယ်။ Professional သမားတွေအတွက်ကတော့ Window 7 Ultimate ကိုသုံးသင့်ပါတယ်။

တခြားနိုင်ငံတွေအတွက်ကတော့ Version တွေရဲ့ အသုံးဝင်မှုပေါ်မူတည်ပြီးဈေးနှုန်းကွာပါတယ်။ Feature အနည်းဆုံးက တန်ဖိုးအနည်းဆုံးဖြစ်ပြီး Professional သမားတွေအတွက်ကတော့ တန်ဖိုးအကြီးဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့တော့ ဘာတင်တင် ဒီဈေးပဲဆိုတော့ Window 7 Ultimate ကို သုံးဖို့ အကြံပြုပါတယ်။

လေးစားစွာဖြင့်





Hidden Option Can't be Unchecked? Fix it Now!



1. Window Logo Key + R တွဲနှိပ်ပြီး Run Box ကို ခေါ်ပါ။

2. cmd ရိုက်ပြီး Enter နှိပ်ပါ။

3. attrib -s -h K:\*.*/s/d


K သည် မိမိ hidden options unckeck လုပ်မရသော drive letter ဖြစ်ပါသည်။


ဥပမာ မိမိ folder သည် desktop ပေါ်တွင်ရှိလျှင်


attrib -s -h C:\*.*/s/d ဟု ရိုက်ရမည်။


D တွင်ရှိလျှင်


attrib -s -h D:\*.*/s/d ဟု ရိုက်ရမည်။


ပြီးရင် အောက်ပါအတိုင်းအဆင့်ဆင့်သွားပါ။

Go to My Computer >> View >> Folder Options >> Check Show Hidden Files and Folders >> Uncheck Protected Operating System Files.


အဆင်ပြေပါစေ





Maxthon မှာ favorites လေးတွေကို backup and restore ပြန်လုပ်နည်း


မေးခွန်းတခုဖြေပေးရင်းနဲ့ မသိသေးတဲ့သူတွေအတွက် မှတ်ထားလိုက်တာပါ။ ကိုယ့်ရဲ့ Maxthon browser မှာ မှတ်ထားတာလေးတွေကို Backup လုပ်ပြီး သိမ်းထားပြီး window ပြန်တင်ပြီး အရင်အတိုင်း ပြန်သိမ်းထားနိုင်ရန် restore ပြန်လုပ်နည်းလေးပါ။

ပထမဆုံး Maxthon browser ကိုဖွင့်လိုက်ပါ။ ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း အဆင့်ဆင့်လုပ်ပေးပါ။

Backup (or) Export

Favorites Manager (Ctrl+Shift+B) >> ညာဘက်ထောင့်ဆုံးမှာ Import and Export ကိုနှိပ်ပါ။ Export Favourites >> Export your favorites to selected folder >> folder ဆောက် (window ပြန်တင်ရင် မပျက်စေရန် D မှာဆောက်ပါ) 


Restore (or) Import

window တင်ပြီး browser တင်ပြီးရင် Favorites Manager (Ctrl+Shift+B) >> ညာဘက် ညာဘက်ထောင့်ဆုံးမှာ Import and Export ကိုနှိပ်ပါ။ Import Favourites >> Import User Data >> Folder >> မိမိသိမ်းထားသော foler ကို ပြန်ရွေးပြီး import ပြန်လုပ်ပေးပါ။


အဆင်ပြေကြပါစေ




Mention ခေါ်မရသူများအတွက်

Facebook Page မှာ Tag လုပ်နည်းကိုရှာရင်း။ ဒီနည်းလမ်းလေးကို တွေ့ခဲ့တာပါ။ သိပြီးသူများတော့ သည်းခံပါ။

မမိုးလိုမသိသေးသူများအတွက်ပါ။

သူငယ်ချင်းနာမည်တွေ mention ခေါ်ရင် မြန်မာနာမည်တွေ ခေါ်မရခဲ့ပါဘူး။ တခါမှမကို မရတာပါ။ ဒီနည်းလေး ကလွယ်လွန်းပြီး အဆင်ပြေပါတယ်။

ပြုလုပ်နည်း

Shift+2 ကိုနှိပ်ပြီးအနောက်မှာ မိမိခေါ်လိုသော နာမည်ကိုရိုက်ပေးရုံလေးပါ။

ဥပမာ

@နိ ရာ

ခ်ခ်ခ် ဆေးနည်းနည်းတော့ထိုးလိုက်ပီ နိရာမကို :D

အဆင်ပြေကြပါစေ.....









ကိုယ့်ရဲ့ OS 32bit လား 64bit လားကြည့်ကြမယ်


1. My Computer (သို့) Computer Icon ကို Right click နှိပ်ပါ။ >> Properties ကိုရွေးပါ။ >> System Type တွင့် 32 bit (x86) or 64 (x64) bit ကို စစ်ပေးပါ။

တနည်း
2. Window key + Pause key ကို တွဲနှိပ်ပြီး Properties window တွင် စစ်ပေးပါ။

တနည်း
3. Window key + R တွဲနှိပ်ပြီး Run Box ကိုဖွင့်ပြီး dxdiag ဟုတ်ရိုက်ပါ။ >> Operating System တွင် ကြည့်နိုင်ပါသည်။

တနည်း
4. Window key + R တွဲနှိပ်ပြီး Run Box ကိုဖွင့်ပြီး msinfo32 ဟုရိုက်ပြီး ကြည့်နိုင်ပါသည်။

တနည်း
5. Window key + R တွဲနှိပ်ပြီး cmd ကိုရိုက်ပါ။ ပြီးလျှင် systeminfo ဟုတ် ရိုက်ပြီး enter နှိပ်ကြည့်ပါ။

ဗဟုသုတ တိုးပွားပါစေ

Newer Posts Home